သူက စာမတတ်ပါဘူး...
တစ်နှစ်ခြားစီ ကလေး ၁၁ ယောက်ထဲက အကြီးဆုံးသားလေ၊
ဆင်းရဲတာမွဲတေနေတဲ့အိမ်က ကလေးကျောင်းမတတ်နိုင်တာ မဆန်းပါဘူး၊
ဒါပေမရ့် သူက လူသား သိပ်ဆန်တရ်
ကျနော် စာရေးနိုင်တရ် ၊ သူက မြန်မာစာတောင် သပ်ပုံမှန်အောင် မရေးတတ်ပါဘူး ၊
ဒါပေမရ့် စာရေးတတ်တဲ့သားတယောက် ဖြစ်အောင်တော့ သူလုပ်ပေးနိုင်တရ်။
သူက အရုပ်နဲ့အစုတ်တွေလဲပြီး ကျနော့ကို ရှာကျွေးဖူးတရ်
လမ်းမှာအော်အော်ပြီး ပစ္စည်းရောင်းပြီးတော့ ရှာကျွေးဖူးတရ်
မိုးရေထဲ ရေစိုခံ၊ အအေးပတ်ခံ ထီးပြင်ပြီးလဲ ရှာကျွေးဖူးတရ်
ဘာနင်းနင်းရှတဲ့ဘ၀ကို ဖြတ်သန်းဖူးတဲ့ ကြံ့ကြံ့ခံ ခဲ့တဲ့လူလေ။
လင်ကွန်းက သူ့နိုင်ငံအတွက်တော့ သူရဲကောင်းဖြစ်ရင်ဖြစ်မရ်၊
ကျနော်အတွက်တော့ သမိုင်းထဲက စာမျက်နှာထက် မပိုပါဘူး၊
သမ္မတသားဖြစ်စရာမလိုပါဘူး ၊ အဖေတာဝန်ကျေလွန်းတဲ့သူရဲ့သားလဲ
ကျေကျေနပ်နပ် ဂုဏ်ယူခွင့် သေလောက်အောင် ရှိပါတရ်
သူ့မှာ အိမ်တလုံးရှိတရ် ၊ ကျနော့အမေ ရှိတရ်
သူနဲ့အရမ်းတည့်တဲ့ သားတယောက်ရှိတရ်၊
သူက အိမ်မှာ ပြဿနာမရှိအောင် ထိန်းနိုင်တဲ့အဖေထဲ ပါတရ်
ကျနော်က သူ့အလုပ်မကူရအောင် ရှောင်နိုင်တဲ့သား ထဲမှာပါတရ်
သူကဆိုင်းထိုးရင်တောင် ၀စ္စနှစ်လုံးပေါက် မပါဘူး နာမည်မှာ၊
ဒါပေမရ့် အဲ့ဆိုင်းနဲ့ ကျနော် ပညာတွေအများကြီး သင်ဖူးခဲ့တရ်
သူလက်ကြမ်းကြမ်းကြီးနဲ့ ကျနော့ကို ခေါင်းဖီးပေးဖူးတရ်
အခုချိန် ဒီဇိုင်းစုံ ပုံသွင်းနေတဲ့ ဆံပင်တွေ ၊ သူ့ဖီးတာကို သတိရတုန်းပဲ
သူက အလုပ်တော်တော်လုပ်တရ် ၊ တော်တော်မအားလောက်အောင်လုပ်တရ်
ဒါပေမရ့် ကျနော်ငယ်ငယ်က ပန်းခြံကို ခဏခဏရောက်အောင် လိုက်ပို့နိုင်တရ်
အခု ကျနော့အလှည့်၊ ကျနော် တော်တော်မအားအောင် အလုပ်လုပ်တရ်
ဒါပေမရ့် သူ့ဆီ ဖုန်းဆက်ဖို့လောက်တောင် ... မှန်မှန် သတိမရချင်ဘူး
သူအမေနဲ့ သူတို့ညီအကိုမောင်နှမ ၁၁ ယောက်၊အာဗြဲခြောက် ၆ကောင်ကို
အလယ်ကပိုင်းပြိး ၁၂ ခွဲစားတရ်၊အခု ကျနော်တို့ သူငယ်ချင်းတွေတွေ့ရင်တောင်
ဟော်တယ်ပေါ်ကစားစရာတွေ စားနိုင်အောင် အာဗြဲခြောက် တပိုင်းနဲ့ သူအားမွေးဖူးတရ်
Saturday, March 24, 2012
Monday, March 12, 2012
ဘလော့ ရှင်းလင်းချက်
ကျနော် ဘလော့ရေးတရ်
၂၀၁၀၊ ၅လပိုင်းတည်းက ရေးခဲ့တရ် ၊ ၂နှစ်ပြည့်ပါတော့မရ်
ပုံမှန်ပဲ ရေးခဲ့တရ် ၊ ရေးနေတုန်းပဲ ..
ကျနော်ရေးတဲ့စာမှာ ဘရ်သူ့ကိုမှ တိုက်ခိုက်လေ့မရှိပါဘူး
ကျနော် ဘလော့ရေးတရ်
ဖတ်ချင်တဲ့သူ လာဖတ်တရ် ၊ မဖတ်ချင်တဲ့သူ မလာဘူး
ဘရ်တော့မှ လင့်ချန်လေ့မရှိသလို ၊ ကွန်မန့်ပေးလေ့လည်း မရှိပါဘူး
ဒါပေမရ့် ဘလော့တော်တော်များများကိုတော့ ကျနော် ပုံမှန် ရောက်ပါတရ်
အရမ်းကြိုက်မှ စစ်မင်းညို ဆိုပြီး နာမည်တလုံးတည်းနဲ့ စီဘောက်မှာ ၀င်ရေးတတ်ပါတရ်
ကျနော့ခံစားချက်ကို ချပြခြင်းသက်သက်ဖြစ်လိုဇ် ...ဘရ်သူ့ကိုမှလဲ မကြေငြာပါဘူး ၊
ကွန်မန့်ဘာလိုဇ် ပိတ်ထားလဲဆိုတော့- စာကိုမဖတ်ပဲ ၊ ရောက်ခဲ့ကြောင်းသိအောင်
တလုံးစ၊ နှစ်လုံးစ ၀င်မန့်တာများလိုဇ်ပါ၊ မကြိုက်ပါဘူး။
တကရ်ဖတ်တဲ့သူက အီးမေးလ်နဲ့တောင်လိုက်ပြီး ဝေဖန်ပေး ၊ စီဘောက်နဲ့ မေးတတ်ပါတရ်
ကြိုက်ပါတရ် ၊ ကိုယ်တိုင်က ရင်တခုလုံးနဲ့ လုပ်ထားတဲ့ အတွက်ပါ။
ဒါရေးဖြစ်တာလဲ ၊
သူ့ဟာသူနေတဲ့ဘလော့ကို၊ ကြည့်တဲ့သူလဲမရှိဘူး .. ပိတ်ထားလိုက်ပါတော့လိုဇ်
လာပြောတဲ့သူနဲ့ .. တိုးသွားလိုဇ်ပါ .. ဒါပါပဲ ..
ကျနော် စာဆက်ရေးနေမှာပါ .. ဘရ်သူဖတ်ဖတ် မဖတ်ဖတ် ရေးနေမှာပါ။ ( စစ်မင်းညို )

Labels:
မင်းညို
Wednesday, March 7, 2012
ချစ်သူတမ်းတ
(က) ဟိုးအဖြူရောင်မိုးကုပ်ရှေ့မှာ လေတိုက်တဲ့ ကမ်းခြေတခု ရှိတရ်
(ခ) လေကြားမှာ Air Supply ရဲ့ Now and Forever သီချင်းသံ ရှိတရ်
(ဂ) သီချင်းကြားမှာ အနောက်ဘက်ခြမ်းရောက်နေတဲ့ ချစ်သူတဖက် ရှိတရ်
(ဃ) ချစ်သူတဖက်ဆီမှာ ရှင်လျှက်နဲ့ သေနေတဲ့ နှလုံးသားတခု ရှိနေခဲ့တရ်
(င) အဲ့ နှလုံးသားမှာ ချစ်သူတရံ ပြန်ဖြစ်ဖို့ စောင့်နေတဲ့ ကောင်လေးတယောက်ရှိတရ်
(စ) ကောင်လေးမှာ မငိုမိပဲ ကျနေတဲ့ မျက်ရည်ကြမ်းကြမ်းတွေ ရှိနေတရ်
(ဆ) မျက်ရည်တွေကြားမှာ ကံကြမ္မာကို နာကြည်းနေတဲ့ အလွမ်းတွေ ရှိနေတရ်
(ဇ) အလွမ်းတွေထဲမှာ သူရဲကောင်းဆန်ချင်နေတဲ့ နောင်တတွေ ရှိနေတရ်
(ဈ) နောင်တတွေမှာ ၀ါးကြောလို ပျော့ပျောင်းပြီး ထက်တဲ့ ကဗျာတွေ ရှိနေတရ်
(ည) ကဗျာတွေထဲမှာ နာကြင်မှု နဲ့ မျှော်လင့်ချက် မပြတပြတွေ ရှိနေတရ်
(ဋ) နာကြင်မှုနောက်မှာ ခံနိုင်ရည်အားနဲ့ ၊
(ဌ) မျှော်လင့်ချက်နောက်မှာ ချစ်သူအတွက် သစ္စာတရား တွေ ၊ ... ...
[ချစ်သူတမ်းတ]

ကဗျာ
Friday, February 10, 2012
ပြိုင်လှေ
ခပ်မာမာစီးတဲ့ လှေမှာ ...
ငါ ရေမကူးတတ်တာ မပြောနဲ့လေ
ဒိပွဲက ငါနိုင်မှာလိုဇ် သေချာခဲ့တာကိုး
လှိုင်းကြမ်းတရ်တဲ့ ..
မိုးနည်းရပ်ဝန်းမှာတောင် အပင်စိမ်းစိမ်းတွေရှိသေးတာ
လဲသွားတဲ့ပြိုင်မြင်းတွေမှာလဲ သတ္တိတွေ ချုန်းချုန်းမြည်ဆ
ဲငါသာ တောင်တန်းတခုဆို
ကျောက်သားထက်ထက်တွေနဲ့ပဲ ရှိနေချင်တရ်
မကာပေးနိုင်တဲ့နေရာမှာ အမဲလိုက်နေကြတာကို မုန်းတရ်

Tuesday, February 7, 2012
ဆုတောင်း
ဘုရားသခင် ၊ အိုး... ဘုရားသခင်
ဤလူသည် မြှားတစင်းဖြစ်ရလျှင် ပစ်မှတ်စီ ကိုယ်တိုင်သွားနိုင်သောမြှား ဖြစ်ရပါစေ
ဤလူသည် ဓါးတလက်ဖြစ်ရလျှင် အသက်မနုတ်ရသော အမိန့်တော်ဓါး ဖြစ်ရပါစေ
ဤလူသည် မျက်ရည်တစက်ဖြစ်ရလျှင် ပျော်ရွင်မှုမှလာသော အပြုံးမျက်ရည် ဖြစ်ရပါစေ
ဤလူသည် ဆန်တစေ့ဖြစ်ရလျှင် ဥပုဒ်စောင့်သူတို့ ၀ါထွက်ချိန်စားသောထမင်း ဖြစ်ရပါစေ
ဤလူသည် တိမ်တပွင့်ဖြစ်ရလျှင် မိုးခေါင်ရာအရပ်မှာ ရွာသော မိုးပေါက် ဖြစ်ရပါစေ
ဤလူသည် သစ်တပင်ဖြစ်ရလျှင် နှစ်များစွာ အရိပ်ပေး၊ သစ်သားပေးနိုင်သောအပင် ဖြစ်ရပါစေ
ဤလူသည် သွေးတစက်ဖြစ်ရလျှင် အများတွက် အသက်ပေးသော သူရဲကောင်းသွေး ဖြစ်ရပါစေ
ဤလူသည် ငှက်တကောင်ဖြစ်ရလျှင် ရန်သူ့တပ်ကို ခဲမိုးရွာစေသောငှက် ဖြစ်ရပါစေ
ဤလူသည် စိတ်တပွင့်ဖြစ်ရလျှင် နှစ်တိုင်းပြည် သံတမန်လက်ဆောင်စိန် ဖြစ်ရပါစေ
ဤလူသည် ကြယ်တပွင့်ဖြစ်ရလျှင် လူအများကို လမ်းပြနိုင်သော ၀န်ရိုးစွန်းကြယ် ဖြစ်ရပါစေ
ဤလူသည် မိစ္ဆာတကောင်ဖြစ်ရလျှင် ကောင်းကင်ဘုံထိ ပျံနိုင်သော ခေါင်းဆောင် ဖြစ်ရပါစေ
ဤလူသည် ငါးတကောင်ဖြစ်ရလျှင် အစာစားတိုင်း ဘုရားသခင်ကို တမ်းတသောငါး ဖြစ်ရပါစေ
ဤလူသည် လူတယောက်ဖြစ်လျှင် ... [ အာမင် ]

ရေးပါသည်
ဝါဒီ

ငြိမ်ငြိမ်လေးနေတော့ ခွေးငပြင်းတဲ့ ...
ဘရ်သူ့ကိုမှ မဟောင်ချင် ၊ မကိုက်ချင်ပါဘူး၊
ဘရ်သူ့အိမ်မှာမှ အစောင့်မလုပ်သလို
ကိုယ့်အစာကိုယ်ရှာစားရုံပါ ... တခြားမရှိပါဘူး
မြို့ရောက်တော့ မြို့ခွေး
တောရောက်တော့ တောခွေး
တောင်ရောက်တော့ တောင်ခွေး
နှင်းထဲရောက်တော့ နှင်းခွေး
တတ်လဲတတ်နိုင်တဲ့ လူတွေ၊
ငါ့ကို မဟောင်ခိုင်းပါနဲ့ .. သူခိုးနဲ့ငါ အငြိုးမရှိ၊
အတွေ့အကြုံတွေက သိတရ် .. ဒါ အဆိပ်ပါတဲ့ အမဲ၊
လာကန်မှ ... ကိုက်တတ်မှန်းသိကြတရ်၊
ဒီတော့သူက ခွေးရူးဖြစ်နေပြီကိုး တဲ့
Labels:
ကဗျာ
Thursday, January 26, 2012
ရင်ဘတ် ပြခန်း
သူက အားလုံးရှိတရ် .. အားလုံးမရှိပေမရ့် အားလုံးနီးပါး ရှိတရ်
တချို့တ၀က်ကို တခါတလေပြတရ်၊ တချို့တ၀က်ကို တခါတလေပြတရ်
ဘရ်တော့မှမပြတာတွေလဲ ရှိတရ် ၊
ကဗျာကို ကဗျာလို ထားတရ် ၊
ပန်းချီကို ပန်းချီလို ထားတရ် ၊
ဓါတ်ပုံကို ဓါတ်ပုံလို ထားတရ် ၊
သီချင်းကို သီချင်းလို ထားတရ် ၊
ဒါပေမရ့် ဆန်နဲ့တူတာ တချို့တော့ ပြန့်ကျဲနေတရ် ၊
ကမ္ဘာ့မြေပုံ ရှိတရ် ၊ စကားတွေ အများကြီးရှိတရ် ၊
ခြေလှမ်းတွေ ရှိတရ် ၊ တံတားနဲ့ တူတာတွေ ရှိတရ် ၊
လူနည်းနည်းရဲ့ပုံတွေ ရှိတရ် ၊ အပြုံးတွေ ရှိတရ် ၊
လေးစားမှုတချို့ ရှိတရ် ၊ ယုံကြည်ချက် ပြင်းပြင်းတွေ ရှိတရ် ၊
ဓါးထက်ထက်တွေ ရှိတရ် ၊ နောက် အချစ်ကွဲကွဲတွေ ရှိတရ်
ပြောကြတရ် … စံချိန်မမှီဘူးတဲ့ ၊ အရမ်းကောင်းတရ်တဲ့
အံ့သြစရာ သိပ်ကောင်းတရ်တဲ့ ၊ လုံးဝ သုံးစားမရဘူးတဲ့
ဘာတွေပြောပြော တခုရေးထားတရ် … N.F.S တဲ့၊

Subscribe to:
Posts (Atom)